
မုန်လာပင်သည် အရွက်၊ ဥနှင့် အမြစ်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ရသော အပင်မျိုး ဖြစ်၏။ ၎င်း မုန်လာဥပင်မှာ ဆောင်းရာသီတွင် လှိုင်လှိုင်ပေါ်၏။ အထူးသဖြင့် အောက်အရပ် ဒေသ ခေါ် အကြေ ဒေသမှ အိမ်ရှင်မများ၊ အထက်အရပ်ခေါ် အညာဒေသနှင့် အလယ်ပိုင်း မြေလတ် ဒေသမှ အိမ်ရှင်မများ ပို၍ သိနိုင်၏။ အကြောင်းမှာ ၎င်း မုန်လာဥဖြူပင်မှ အရွက်နှင့် ဥများကို အရည်သောက် အချဉ်ဟင်း အဖြစ် လည်းကောင်း၊ ဟင်းချို အဖြစ် သော်လည်းကောင်း၊ ကြော်ချက်၍ သော်လည်းကောင်း၊ လက်သုပ်သုပ်၍ လည်းကောင်း၊ မုန်လာချဉ် အဖြစ် အချဉ်တည်၍ လည်းကောင်း





