
TeamViewer ကတော့ လူတိုင်းနီးပါး သိကြမှာပါ။ ကွန်ပျူတာမှာ
မရှိမဖြစ်အရေးကြီးပြီး အသုံးဝင်တဲ့ ၊ဆော့ဝဲလ် ဆိုလည်း မမှားပါဘူး။
မသိသေးသူများအတွက် ရှင်းပြပါမယ်။ TeamViewer က ဥပမာ ကိုယ့်ရဲ့ စက် တခုခု
ဖြစ်လို့ကိုယ်က ပြန်မပြင်တတ်ဘူးဆိုပါတော့။ အဲဒီလိုဆိုရင် အဝေးမှာရှိတဲ့
သူငယ်ချင်းတွေကို အကူညီတောင်းပြီးဝင်ပြင်ခိုင်းလို့ရတဲ့ ဆော့ဝဲလ်လေးပါ။
အင်တာနက် လိုင်းရှိရုံနဲ့မိမိ ကွန်ပျူတာကနေ တခြားကွန်ပျူတာကို ဝင်ကြည့်
လို့ရပါတယ်။ ဆော့ဝဲလ်ကို install လုပ်ပြီးတာ နဲ့ ကိုယ်ရဲ့ You ID နှင့် Password
ပြနေပါလိမ့်မည်။ မိမိပေးဝင်ချင်သည့် သူငယ်ချင်းကို ကိုယ်ရဲ့ID နှင့်
Password ပေးလိုက်ရင် ကိုယ့်ကွန်ပျူတာ ကို သူငယ်ချင်းက
ဝင်ပြင်ပေးနိုင် မှာဖြစ်ပါ တယ်။ ဆော့ဝဲလ် ကို Activated လုပ်စရာမလိုပဲ Free License အသုံးပြုနိုင်မှာဖြစ်ပါတယ်။